Mbps ဆိုတာ “megabits per second” ရဲ့အတိုကောက်ဖြစ်ပါတယ်။ အင်တာနက် Bandwidth တွေကို တိုင်းတာတဲ့အခါမှာ အသုံးပြုပါတယ် ။ Bandwidth ကိုရိုးရှင်းဆုံးပြောပြရမယ်ဆိုတော့ အင်တာနက်ပေါ်ကနေ ကိုယ့်ကွန်ပြူတာ(သို့) မိုဘိုင်းလ်ဖုန်းထဲကို ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ အမြင့်ဆုံးနှုန်းကို ပြောတာပါ။
ဥပမာ – သင်က အင်တာနက်ပေါ်ကနေ သီချင်းတစ်ပုဒ် ဒေါင်းလုပ်ဆွဲချင်သည်ဟု စိတ်ကူးကြည့်ကျစို့။ ဒေါင်းလုပ်ပြုလုပ်လိုသည့် website ကိုဝင်မယ် သီချင်းရွေးမယ် ဒေါင်းလုပ်ခလုပ်ကိုနိုပ်မယ် ။ သီချင်းဖိုင်က ကိုယ့်ကွန်ပြူတာထဲသို့ ဒေါင်းလုပ်စတင်ဆွဲမယ်။ ထိုသီချင်းဒေါင်းလုပ်အမြန်နှုန်းက Bandwidth ပေါ်မှာမူတည်တယ်။ ထို Bandwidth ကိုတော့ အပေါ်မှာပြောထားသလိုပဲ megabits per second (Mbps) နဲ့ တိုင်းတာပါတယ်။
ယေဘူယျအားဖြင့်တော့ အင်တာနက်ဝန်ဆောင်မှုရဲ့ Mbps များလေလေ ဖိုင်များကို အင်တာနက်ပေါ်မှာ ဒေါင်းလုပ်ဆွဲနိုင်တဲ့နှုန်း ပိုမြန်လေဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ဆိုတဲ့ စကားလုံးက ကိုယ့်ကွန်ပြူတာပေါ်ကို အင်တာနက်ပေါ်မှ တစ်ခုခုကူးယူခြင်း (ဥပမာ ခုနကသီချင်းဒေါင်းလုပ်လုပ်တာ) ကို သီးသန့်ရည်းညွန်းခြင်းမဟုတ်ပါဘူး။ website ပေါ်မှာ google ခေါက်ပြီး ရှာဖွေနေချိန်တွေမှာတောင် သင်လိုချင်တဲ့ဖိုင်တွေ စာတွေ ပုံတွေ သင်မြင်နိုင်ဖို့အတွက် သင့်browser ထဲမှာ ဒေါင်းလုပ်ဆွဲနေတာပါ။ မြင့်မားတဲ့ Bandwidth တွေကတော့ သင့်ဖိုင်တွေကို ပိုမိုမြန်ဆန်စွာ ဒေါင်းလုပ်လုပ်ရန် အကူညီပေးနေမှာပဲဖြစ်ပါတယ်။