Bits ၊ Kilobits နဲ့ Megabits တို့က bytes နှင့်အဆုံးသတ်သောကြောင့် မကြာခဏ ရောထွေးမှားယွင်းတက်ကျပါတယ်။ ဒီလို ရှုပ်ထွေးရောယှက်မှုဖြစ်တယ်ဆိုတာက နာမည်ကြောင့်ဖြစ်လာတာပါ။ သင်က Megabytes(MB) နှင့် Gigabytes (GB) တို့ကို တော့ ရင်းနှီးဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဒါအပြင် Kilobytes(KB) နှင့် Bytes(B) တို့ကိုလဲ ကြားဖူးကောင်းကြားဖူးပါလိမ်မယ်။ ဒီယူနစ်တွေက တစ်ခုနဲ့တစ်ခုဆက်စပ်နေသလားလို့ မေးရင်တော့ “ဟုတ်ကဲ့” လို့ပဲဖြေရပါမယ်။
သင်္ချာမှာ ကတော့ ရိုးရှင်းပါတယ် 1 byte = 8 bits , 1 Kilobyte (KB) = 8 Kilobits (Kb) , 1 Megabyte (MB) = 8 Megabits (Mb) , 1 Gigabyte (GB) = 8 Gigabits (Gb) ဆိုပြီးရှိပါတယ် အတိုကောက်တွေကိုတော့ အထူးသတိပြုစေလိုပါတယ်။ Bits တွေကိုတော့ အတိုကောက် အင်္ဂလိပ်စာလုံးအသေး “b” လို့သတ်မှတ်ပြီး Bytes တွေကိုတော့ စာလုံးအကြီး “B” ဖြစ်ပါတယ်။
Upload / Download အမြန်နှုန်းများနှင့် ပတ်သတ်လာလျှင်တော့ 1Mbps သည် တစ်စက္ကန့်အတွင်း ဒေတာ 8MBကို လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါတယ်။ဒါကြောင့် သင်က 1Mbps ရှိတဲ့ အင်တာနက်နဲ့ ချိတ်ဆက်ပြီး 16MB ရှိတဲ့ သီချင်းတစ်ပုဒ်ကို ဒေါင်းလုပ်ဆွဲမယ်ဆိုရင် ထိုသီချင်းကို ဒေါင်းလုပ်လုပ်ရန်အတွက် ၂စက္ကန့်ခန့် အချိန်ယူရမည်ဖြစ်ပါသည်။ အခြေခံအားဖြင့်တော့ သင်က 1Mbps = 8MB ကိုသိနေပြီဆိုရင် Upload / Download နှုန်းများကို Megabyes per second(MBps) ဖြင့် ခန့်မှန်းတွက်ချက်နိုင်မှာပဲဖြစ်ပါတယ်။